
“သင်္ကြန်နှစ်ကူး လတန်ခူး” မြန်မာပြည်သူ / ပြည်သားများအားလုံး သင်္ကြန်ရေနဲ့အတူ အေးမြ ပြီး ကိုယ်စိတ်/နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ…
အနာရောဂါ / ကပ်ဘေးအမျိုးမျိုး နှင့် ငတ်မွတ်ဆာလောင်ခြင်း / ပူဆွေး ဝမ်းနည်း ငိုကြွေးခြင်းများ / ညှင်းပန်း နှိပ်စက် / နှိမ့်ချဆက်ဆံခြင်းများ ကင်းဝေးကြပါစေကြောင်း ကျွန်တော်များ BNCHANNEL (မြန်မာ့သဘာဝချန်နယ်) Admin Team မှ ဆုမွန်ကောင်းတောင်း မေတ္တာပို့သလိုက်ရပါတယ်…..
လူ-လူချင်း မေတ္တာထား အနိဌာရုံ သွေးညီနံ့ ရနေသည့် အခကြေးငွေမယူ ကျွန်ုပ်တို့ကို အလေးခံ ထမ်းပိုးပေးထားသည့် ကျေးဇူရှင် ကမ္ဘာမြေကြီးကို သင်္ကြန်မိုး နဲ့ ပက်ဖြန်း ဆေးကြေားသန့်စင်ပြီး အဖြူရောင် ငြိမ်းချမ်းရေး ငှက်ငယ်များ ပြည်ကြီးမြန်မာ တိုင်းရင်းသားများ ၏ ကောင်းကင်ယံမှာ ပျံသန်းလာသည့် ရွှေရောင်နေ့ရက်များ “အတာကြူးသည့် မြန်မာနှစ်သစ်ကူး ” မှ စ၍ ရောက်ရှိလာပါစေ ။
* ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးလည်း စည်ပင်သာယာဝပြော ၍ ဘဒ္ဒကမ္ဘာ ၏ နောက်ဆုံးနေ့ရက်များအထိ ရှည်ကြာစွာ တည်တံ့ပါစေသော်ဝ် *
မှတ်ချက်
(အထက်ဖော်ပြပါ ဆုတောင်းစာစုသည် မည်သည့် အဖွဲ့အစည်း ကို မှ ပုတ်ခတ် /စော်ကား / နိမ့်ချ ချိုးနှိမ် ရည်ညွှန်းခြင်းအလျင်း ×လုံးဝ× မရှိပါကြောင်း နှင့် မည်သည့် Institution ထံမှ Sponsor ယူရေးသားခြင်း / ဆက်နွှယ်ပက်သတ်ခြင်း မရှိပါကြောင်း အတိအလင်း သတိပေးဖော်ပြအပ်ပါသည်။
အသိပေးဖော်ပြပါလျှက်နဲ့ ထင်ချင်သလိုထင် / ဆဲချင်သလိုဆဲမယ်ဆိုရင်တော့ နဂိုကတည်း က စောက်ဂရုမစိုက်တက်သူမို့ ခင်ဗျာတို့ပေးမဲ့ အကုသိုလ် ကျနော် က လက်ခံယူမှာမဟုတ်လို့ ကိုယ်ဟာကိုယ် ပြန်ယူသွားကြပါလို့ပဲပြောပါရစေ…)
Collaboration bless

You must be logged in to post a comment.